Digital Hate Montly Reports

This report presents BHRN’s monitoring of hate speech, fabricated content and misinformation circulating on social media during August 2026. The monitoring covered 3 Facebook groups, 2 Facebook pages, 13 Facebook accounts, 24 Telegram channels and 24 TikTok accounts.

A total of 103 cases were documented during the month. The findings show that Muslims and Rohingya were among the principal targets, with recurring narratives portraying them as security threats, “illegal” residents, outsiders and a danger to wider society. Hate speech targeting Christians and women was also documented.

The report further highlights an increase in hate speech concerning Muslim places of worship and religious schools, as well as misinformation linking Rohingya communities to armed conflict and national security threats. It examines the main narratives, targeted groups, commonly used terms, platform distribution and examples recorded during the monitoring period.


ယခုအစီရင်ခံစာသည် ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း လူမှုမီဒီယာများပေါ်တွင် ဖြန့်ဝေခဲ့သည့် အမုန်းစကားများ၊ သတင်းတုနှင့် သတင်းမှားများကို BHRN မှ စောင့်ကြည့်လေ့လာထားသည့် တွေ့ရှိချက်များကို တင်ပြထားခြင်းဖြစ်သည်။ စောင့်ကြည့်လေ့လာမှုတွင် Facebook Group ၃ ခု၊ Facebook Page ၂ ခု၊ Facebook Account ၁၃ ခု၊ Telegram Channel ၂၄ ခုနှင့် TikTok Account ၂၄ ခု ပါဝင်ခဲ့သည်။

ဩဂုတ်လအတွင်း အမုန်းစကား၊ သတင်းတုနှင့် သတင်းမှား စုစုပေါင်း ၁၀၃ ခု ကို မှတ်တမ်းတင်ခဲ့သည်။ တွေ့ရှိချက်များအရ မွတ်စလင်များနှင့် ရိုဟင်ဂျာများသည် အဓိကပစ်မှတ်များထဲတွင် ပါဝင်ခဲ့ပြီး၊ ၎င်းတို့ကို နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်သူများ၊ “တရားမဝင်” နေထိုင်သူများ၊ နိုင်ငံခြားမှ ဝင်ရောက်လာသူများနှင့် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသူများအဖြစ် ပုံဖော်သည့် ဇာတ်ကြောင်းများကို ထပ်ခါတလဲလဲ တွေ့ရှိခဲ့သည်။ ခရစ်ယာန်များနှင့် အမျိုးသမီးများကို ပစ်မှတ်ထားသည့် အမုန်းစကားများကိုလည်း မှတ်တမ်းတင်ခဲ့သည်။

အစီရင်ခံစာတွင် မွတ်စလင်များ၏ ဝတ်ပြုရာနေရာများနှင့် ဘာသာရေးစာသင်ကျောင်းများကို ပစ်မှတ်ထားသည့် အမုန်းစကားများ ပိုမိုများပြားလာမှု၊ ရိုဟင်ဂျာများကို လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံလုံခြုံရေး ခြိမ်းခြောက်မှုများနှင့် ချိတ်ဆက်ဖော်ပြသည့် သတင်းမှားများကိုလည်း ဆန်းစစ်ထားသည်။ ထို့အပြင် အဓိကဇာတ်ကြောင်းများ၊ ပစ်မှတ်ထားခံရသည့် အုပ်စုများ၊ အသုံးများသည့် စကားလုံးများ၊ ပလက်ဖောင်းအလိုက် ဖြန့်ဝေမှုနှင့် မှတ်တမ်းတင်ထားသည့် ဖြစ်ရပ်နမူနာများကို ဖော်ပြထားသည်။